အသက်အရွယ်မရွေး၊ လူကြီး လူငယ်မရွေး တက်ရောက်ပြီး ပညာရပ်တွေကို စနစ်တကျ သင်ယူနိုင်မယ့် သင်တန်းများ
ဆရာတို့အဖွဲ့ရဲ့ sign တစ်ခုပါ။ ဟိုးလွန်ခဲ့တဲ့ (၂၇) နှစ်က ကျွန်တော်တပည့်လေးယောက်နဲ့ FGA Gems Testing Laboratory ကို ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့ထိ အတူလုပ်ကိုင်ပြီး (FGA) Group လို့ သိကြပါတယ်။ ကျွန်တော်တို့ Focal Gems Academy ကို ဖွင့်တဲ့အခါမှာလည်း F ရယ်၊ G ရယ်၊ A ရယ်ကို အသုံးချပြီးတော့ သင်တန်းနာမည်လေးကို ဖန်တီးလိုက်တာဖြစ်ပါတယ်။
ကျောက်မျက်ရတနာလောကထဲကို စတင်ခြေချမယ့်သူတွေအတွက် အခြေခံမိတ်ဆက် အသိပညာတွေကို စနစ်တကျ သင်ကြားပေးမယ့် သင်တန်း။
သဘာဝကျောက်၊ ချက်ကျောက်နဲ့ ပြုပြင်ထားတဲ့ကျောက်တွေကို ပညာရှင်ဆန်ဆန် ခွဲခြားတတ်စေဖို့ လက်တွေ့သင်ကြားပေးမယ့် အဆင့်မြင့်သင်တန်း။
မိမိရဲ့ စိတ်ကူးစိတ်သန်းတွေကို ရတနာဒီဇိုင်းအဖြစ် ဖန်တီးပြီး ကိုယ်ပိုင် brand နဲ့ စျေးကွက်မှာ အောင်မြင်စွာ ရပ်တည်ချင်သူများအတွက်။
ရတနာဆိုင် ဝန်ထမ်းများအတွက် အရောင်းပိုင်းနဲ့ ဝန်ဆောင်မှုပိုင်းမှာ ပိုမိုကျွမ်းကျင်လာစေဖို့ လုပ်ငန်းခွင်အလိုက် သီးသန့်ရည်ရွယ် သင်ကြားပေးမယ့် သင်တန်း။
နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကလေးငယ်တွေရဲ့ စူးစမ်းလေ့လာလိုစိတ်ကို မြှင့်တင်ပေးပြီး ဗဟုသုတရအောင် ဖန်တီးထားတဲ့ သင်တန်း။
* နိုင်ငံခြားသားများအတွက် သင်တန်းတွေ၊ ကျောက်မျက်ပညာဘွဲ့ရပြီးသူတွေအတွက် Internship Course တွေနဲ့ Gems Special Course တွေလဲ စီစဉ်ထားပါတယ်။
အခြေခံကျကျလေ့လာနိုင်ဖို့ စနစ်ကျတဲ့ သင်ရိုးများ။
Digital Screens, အဆင့်မြင့် Microscopes များဖြင့် လက်တွေ့လေ့လာနိုင်ခြင်း။
သန့်ရှင်းသပ်ရပ်ပြီး Premium ဆန်တဲ့ စာသင်ခန်းနှင့် အနားယူခန်းများ။
စာတွေရော လက်တွေ့ပါ စနစ်တကျ သင်ကြားပေးမယ့် ဆရာကြီးများ။
Join Focal Gems Academy today and learn from the industry's best.
Contact Us to Enroll